YOOtheme

ပူဇာ စ ပူစ နေယျာနံ ၊ ဧတံ မင်္ဂလ မုတ္တမံ
ကြွရောက်ဖူးမြှော်ပူဇော်နိုင်ပါသည်။

       အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ကျေးဇူးတော်ရှင် မြင်းခြံမြို့ ၊ မဟာဗောဓိတစ်ထောင် ဓာတ်တော်တိုက် ဆရာတော်ဘုရားကြီးမှ လှိုင်မြို့ နယ်၊ (၁၃) ရပ်ကွက်၊ မဟာဆွေ (၁)လမ်း၊ဗုဒ္ဓဓာတု ပူဇနိယအကျိုးတော်ဆောင် အရိန္ဒမကျောင်း ဓာတ်တော်တိုင် ထေရ၀ါဒ ဗုဒ္ဓဓမ္မသာသနာ့ရိပ်သာ ပဓာန နာယက ဆရာတော် ဘဒ္ဒ န္တ ၀ိစိတ္တသာရ အားချီးမြှင့်ထားတော်မူခဲ့သော မြတ်ဗုဒ္ဓ၏ ဆံတော်၊ စွယ်တော်၊ မြတ်ဗုဒ္ဓ၏ ရွှေအဆင်း၊ ပုလဲ အဆင်း၊ ပတ္တမြားညိုရောင် အဆင်း၊ ပယင်းရောင်အဆင်း၊ သီသမွေတော်၊ အရှင်သာရိပုတ္တရာ ဓာတ်တော်၊ အရှင်မောဂ္ဂလာန် ဓာတ်တော်၊ အရှင်သီဝလိ ဓာတ်တော်၊ အရှင်အနရုဒ္ဓါ ဓာတ်တော်၊ အရှင်ဗာကုလ ဓာတ်တော်၊ အရှင်အာနန္ဒာ ဓာတ်တော်၊ အရှင်နာဂသိန် ဓာတ်တော်၊ သိဟိုဠ်ခေတ် ရဟန္တာများ၏ ဓာတ်တော်၊ တကောင်းခေတ် ရဟန္တာများ၏ ဓာတ်ပေါင်း ဓာတ်တော်၊ ပုဂံခေတ် ရဟန္တာများ၏ ရေဆန် ဓာတ်တော်၊ ပေါက်ပေါက် ဓာတ်တော်များအား ကပ်သုံးပါးမှ ကျော်အောင် သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် သက်တော်ထင်ရှား ရဟန္တာအရှင်သူမြတ်တို့အား ပူဇော်ဘိသကဲ့သို့ စိတ်စေတနာထား၍ ကြွရောက်ဖူးမြှော် ပူဇော်နိုင်ရန် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သောကောင်းကျိုးချမ်းသာ အကျိုးမျှော်၍ သဒ္ဓါကြည်လင် ပါရမီရှင် စေတနာရှင် ဆုထူးပန် သာသနာပြု ပုဂ္ဂိုလ်၊ သာသနာ့ဆွေတော်မျိုးတော် အပေါင်းတို့အား မေတ္တာတရားဖြင့် ခင်မင် လေးစားစွာ အသိပေးနှိုးဆော် ဖိတ်ကြားအပ်ပါသည်။

ဖူးမြှော်ပူဇော်နိုင်သောအချိန်           နေ့စဉ် နံနက် (၆) နာရီမှ ည (၆ ၀၀) နာရီထိ။
ပင့်ဆောင်ပူဇော်လိုပါလျှင်       မိမိတို့၏ အိမ်ဂေဟာ၊ မိမိတို့၏ ရပ်ကွက်ဓမ္မာရုံ၊ မိမိတို့၏ ဘုရားတန်ဆောင်း၊ ကျောင်းများသို့ အဓိဋ္ဌာန်ပြု၍ ပူဇော်လို့ပါက ပင့်ဆောင်ပူဇော်နိုင်ပါသည်။
ဆက်သွယ်လျှောက်ထားရန်    ဘဒ္ဒ န္တ၀ိစိတ္တသာရ ပဓာနနာယကဆရာတော်၊ အရိန္ဒမကျောင်း၊ ဓာတ်တော်တိုက်၊ ထေရ၀ါဒ ဗုဒ္ဓသာသနာ့ရိပ်သာ၊ မဟာဆွေ (၁) လမ်း၊ (၁၃)ရပ်ကွက်၊
လှိုင်မြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း -၀၁- ၇၂၂၈၇၄၊ ၀၉-၈၆၂၂၈၆၃
လမ်းညွှန်        ၄၃၊ ၄၅၊ ၄၈၊ ၅၀၊ ၉၇၊ ၁၀၂၊ ၁၂၄၊ ၂၁၀၊ ၂၁၁၊ ၂၁၂၊ ပါရမီ ၁၇၄၊ ပါရမီ
၁၇၇၊ ၁၈၈၊ ၂၂၆၊ ရွှေဧည့်သည် (၁)၊ ၂၄၃ ကားများစီး၍ အင်းစိန်လမ်းမ ဘာတာ မှတ်တိုင်ဆင်းပါ။


ဓမ္မဒါနအကျိုး

(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)

အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏

(မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ ၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသောဒါနတို့တွင် ဓမ္မဒါနသာလျှင် အမြတ်ဆုံးဆိုသည့်အတိုင်း) စကြာဝဠာ တစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့် ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကို တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည် လေးပါဒရှိသော မြတ်စွာဘုရား ဟောကြားတော်မူသည့် ဂါထာတစ်ပုဒ်ကို သင်ကြားပြသ ဖြန့်ဖြူးရသည့် ဓမ္မဒါနကုသိုလ်၏ ၂၅၆ စိတ် စိတ်လျှင် တစ်စိတ်ကိုမျှ မမှီနိုင်ပါ။ ထို့ကြောင့် ဓမ္မဒါနပြုသူများသည် အမြတ်ဆုံး ဒါနရှင်ကြီးများဖြစ်နိုင်ပါသည်။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

၁။   သော ဘဂ၀ါ ဣတိပိ အရဟံ

အရဟံ ၀တ သော ဘဂ၀ါ

အရဟနံ္တသရဏံ ဂစ္ဆာမိ

အရဟနံ္တ သိရသာ နမာမိ

ပထမော ၀ဇိရပါကာရော

သော ဘဂ၀ါ ဣတိပိ အရဟံ။

၂။   သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ

သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ

သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ

ဒုတိယော ၀ဇိရပါကာရော

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

Read more...

ဒိဝါတပတိ သဗ္ဗမင်္ဂလာဂါထာတော်

ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြာဟ္မဏော။

အထ သဗ္ဗမဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။

အနက် –

Read more...

ဘုရားငါးဆူ အန္တရာယ်ကင်းဂါထာတော်

(၁) ဗုဒ္ဓေါစ မင်္ဂလောလောကေ၊
သမ္ဗုဒ္ဓေါစာပိ လောကဂ္ဂေါ၊
ဗုဒ္ဓံ သရဏ မာဂမ္မာ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။     ။

(၂) ဓမ္မောစ မင်္ဂလောလောကေ၊
ဂမ္ဘီရော ဟောတိဒုဒ္ဒသော၊
ဓမ္မံ သရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။    ။

(၃) သံဃောစ မင်္ဂလောလောကေ၊
ဒက္ခိဏေယျော သဒါဟောတိ၊
သံဃံ သရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။    ။

(အမှာ) ရှေးရှေးသော ကျမ်းဘတ်ပုဂိုလ်ကြီးများ အမြဲဆောင်ရွက်တော်မူကြသော အန္တရာယ်ကင်း ၃ ဂါထာ၊ အရကျက်၍  အိပ်ရာဝင်တိုင်း အမြဲသက်စေ့ရွတ်၍ အိပ်၊ ရောဂါဆိုး၊ အနာဆိုး၊ ကပ်ဥပဒ်မျိုးတို့မှလွတ်ကင်းစေတတ်၏။ နေ့ အဖို့မှာလည်း တစ်ဂါထာလျှင် ပုတီးတစ်ပတ်စီအမြဲဝတ်ထား၍ စိပ်ရာ၏။

အနက်ကား……

Read more...

ဗုဒ္ဓပဏာမဘုရားရှိခိုး



Get the Flash Player to see this player.

ကျန်းမာချမ်းသာကြပါစေ

Who's Online

We have 2 guests online